ငပုတောမြို့နယ်အတွင်း (Door to Door) မြေပြင်စာရင်းတိုက်ဆိုင်ကွင်းစစ်‌ဆေးမှုများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ငပုတော ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်အတွင်းရှိ ကတ္တရာဝကျေးရွာအုပ်စုနှင့် အုပ်ရှစ်ကွင်းကျေးရွာအုပ်စုတို့တွင် ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါတစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌ ဦး‌အောင်ဆန်းဦး၊ လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများနှင့်အဆင်ပြေချောမွေ့စွာ လုပ်ငန်းများ အောင်မြင်စွာလုပ်ဆောင်နိုင်ရေး၊ မကြာခင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲစာရင်းများကျန်ရှိမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး၊ မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏နိုင်ငံသားအခွင့်အရေးများ မဆုံး‌ရှုံးစေရန်အတွက် မဲပေးကြရေးတို့အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ အချက်အလက်များ တိုက်ဆိုင်စိစစ်ခြင်း၊ လိုက်လံရှင်းပြခြင်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ပြုလုပ်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)