လှိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်

လှိုင် ဇူလိုင် ၁၃

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်​အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ဇူလိုင် (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့ နေ့လည် (၁:၃၀) နာရီအချိန်က လှိုင်မြို့နယ်၊​​​ ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ကျင်းပ​ပြုလုပ်ခဲ့ပါသည်။

ထိုသို့ ရိုက်ကူးတင်ဆက်ရာတွင် ဆွေးနွေးသူများဖြစ်သည့်​ ဒေါ်ဝင်းသီတာမိုး(ဒုတိယဦးစီးမှူး)၊ (စာရေးဆရာ) ဦးမင်းဆက်ပိုင်တို့က ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ လေးစားအားကျအတု ယူသင့်သောမျိုးချစ်စိတ်၊ ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ကျိုးမဖက်လွတ်လပ်ရေး ရရှိအောင်ကြိုးပမ်းဆောင်ရွက်မှုများနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်များ၏ ဂုဏ်ရည်စသည့် ဗဟုသုတရဖွယ် အကြောင်းအရာများဖြင့် မေးခွန်းများမေးမြန်းခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်ကို လှိုင်မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့်  ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပြီး လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာရရှိစေရေးအတွက် Talk Show အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ဝင်းသီတာမိုး(ပြန်/ဆက်)