ရွှေဘိုမြို့ အထက(၁)တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရွှေဘို ဇူလိုင် ၁၅

​ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ​ရွှေဘိုမြို့ အ.ထ.က(၁)တွင်ယနေ့  နံနက်၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အသိပညာပေး ​ဟော​ပြောပွဲတွင် အ.ထ.က(၁)​ ကျောင်းအုပ်ဆရာမကြီး​ ဒေါ်ခင်သီတာစံက အဖွင့်အမှာစကား​ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်​အေးမြင့်စန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သိမှတ်ဖွယ်ရာ သမိုင်းအစရှိသည့်များကို အသိပညာပေးဟောပြောပြီး၊ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ဘုန်းညိုမှ အာဇာနည်၉ဦး၏ လွတ်လပ်​ရေးအတွက် ကြိုးပမ်း​ဆောင်ရွက်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းသည် အသက်အရွယ်ငယ်ပေမယ့် လေးစားရတဲ့လူဖြစ်ကြောင်း ​ကျောင်းသားလူငယ်များအ​နေဖြင့် လူလောကအကျိုးပြုနိုင်ရမည်ဖြစ်​ကြောင်း အာဇာနည်​နေ့ကျင်းပသည့် နိုင်ငံ၁၇နိုင်ငံရှိကြောင်း၊ အာဇာနည်ခေါင်းဆောင်နေ့မှ စ၍ လူငယ်များအနာဂတ်မှာ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကိုယ့်အမျိုးကို စောင့်ရှောင့်နိုင်တဲ့သူဖြစ်ကြပါစေကြောင်း​ ပြောကြားခဲ့ပြီး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စား ဖတ်မှတ်လေ့လာကြည့် ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်