ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မာန်အောင် ဇူလိုင် ၁၅

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို ပင့်ဖိတ်တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ``နမောတဿ ´´သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ခအုန်းမော်ကူးတော့ဆိပ်ကျောင်း ဆရာတော်အရှင်သူမြတ် ဘဒ္ဒန္တသိရိန္ဒထံမှ  ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမင်းဇော်ဟိန်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား  ဝါဆိုသင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မဟာဓမ္မိကာရုံကျောင်းဆရာတော်အရှင်သူမြတ် ဘဒ္ဒန္တဝိစိတ္တသာရထံမှ အနုမောဒနာတရားတော်ကို နာယူကာ လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို`` ဗုဒ္ဓသာသနံစိရံတိဌတု´´သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းပြီး သံဃာတော်များအား နေ့ဆွမ်းကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် သံဃာတော် တစ်ပါးလျှင် ဝါဆိုသင်္ကန်း(၁)စုံ၊ ဆီ(၁၀)ပိဿာ၊ ပေါ်ဆန်းမွှေးဆန်(၁)အိတ်၊ ဆေးဝါးများ တန်ဖိုး၂၄၅၀၀၀ကျပ်နှုန်းဖြင့် ပင့်သံဃာ(၉)ပါးအား စုစုပေါင်းတန်ဖိုး၂၂၀၅၀၀၀ကျပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)