ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၆)ခုမှ အိမ်ထောင်စု (၃၀)၊ လူဦးရေ(၁၄၂)ဦးတို့အား ငွေပျော်စံပြကျေးရွာသို့ ထပ်မံပြောင်းရွှေ့ နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာယာယီစခန်းနေ ပြည်သူများအား ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်း (၆)ခုမှ အိမ်ထောင်စု (၃၀)၊ လူဦးရေ (၁၄၂)ဦးတို့အား ပလန ကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာသို့ ၎င်းတို့ဆန္ဒအရ ပြောင်းရွှေ့နေရာချထားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ကျေးရွာဘက်စုံသုံးခန်းမ၌ အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။