မချမ်းဘော့၊ ဇူလိုင် ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် နမ်ခမ်ကျေး ရွာ အထက(ခွဲ)ကျောင်း ခန်းမ၌ မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရယ် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့လယ်(၁၁)နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ယာယီရဲမှူး မြင့်နိုင်ဦးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေး ဝါးများအန္တရယ်အကြောင်းကို Power Point အသုံးပြု၍ အသိပညာပေးဟောပြောခဲ့ပြီး အ.ထ.က(ခွဲ)-(နမ်ခမ်) ကျောင်းအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဗလာစာအုပ်(၁၅)ဒါဇင်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ခေတ္တကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်း သူ(၁၂၈)ဦး တက်ရောက်ပြီး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို နေ့လည်(၁၂)နာရီ ခွဲတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)