မိုင်းရှူးမြို့နယ်တွင် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းရှူး   ဇူလိုင်  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင်၂၀၂၂ခုနှစ် စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)ဖလား ရပ်ကွက်နှင့်‌ကျေးရွာပေါင်းစုံ အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးစိုးလင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင်ဝင်‌ရောက်ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်း(၇)သင်းများမှ အားကစားသမားများက အားကစားအဓိဋ္ဌာန် သံပြိုင်ရွတ်ဆိုကြသည်။

ဆက်လက်၍ မိုင်းစံအသင်းနှင့် အထကမိုင်းရှူးအသင်းတို့က ယှဉ်ပြိုင်ကြပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဌာနဆိုင်အကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)