ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့က အိုးတင်းကုန်းကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့၌ ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ၂၀၂၂-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုအဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး မကွေးမြို့နယ်အတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးမြို့နယ်အတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စည်သာ အ.မ.က (လွန်) ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

နာဂဒေသ၊ ပန်ဆောင်မြို့၌ တကင်(မ်း)တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အတွင်းရှိ ကျေးရွာ(၉)စုသို့ ဆက်သွယ်ထားသော ကျောက်ရောမြေနီလမ်းတွင် တည်ဆောက်လျက်ရှိသော တကင်(မ်း)ချောင်းတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရှိသည်။

စစ်ကိုင်းခရိုင်တွင် (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

စစ်ကိုင်းခရိုင်အဆင့် (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဩဂုတ်(၅)ရက်၊ နံနက်(၁၀)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ မိသားစု တစ်နိုင်တစ်ပိုင် ဝင်ငွေများ တိုးပွားစေရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်း များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် သြဂုတ်လ (၁)ရက်နေ့က စတင်၍ အခြေခံ စက်ချုပ် သင်တန်းကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၅)နှစ် ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီးထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လနှင့်အထက်၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိမဂ်လာစျေး ဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း လုပ်ငန်းများကွင်ဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
Subscribe to