မြို့သစ်တွင် မိုးစပါးလျာထားဧက (၅၉၅ ၉၅) ဧကရှိရာ(၁၉၉၆၀)ဧကကျော်စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်လျာထားချက် ဧက (၅၉၅၉၅)ရှိရာ စိုက်ပြီး(၁၉၉၆၀)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း လျာာထားချက်ပြည့်မှီရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌  မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို  ယနေ့နံနက် ၈ နာရီခွဲအချိန် မောင်တော -ဘူးသီး တောင် ကားလမ်းမဘေးရှိ သစ်တောဌာနပိုင် မြေနေရာတွင် စိုက်ပျိုးခဲ့ကြသည်။

မုဒုံမြို့၌ HPV ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းဆောင်ရွက်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ HPV ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မ (၂) ရပ်ကွက်ရှိ လောကမာရာဇိန် ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဆည်မြို့၌ ယမန်နှစ် မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧကထက် (၁၈)ဧကပိုမိုစိုက်ပျိုးရန် လျာထားပြီး စတင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ယမန်နှစ်က မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက လျာထား စိုက်ပျိုးနိုင်ခဲ့ပြီး ယခု(၂၀၂၂-၂၀၂၃)ယဏ္ဍာနှစ်တွင် (၁၈)ဧက ပိုမိုစိုက်ပျိုးရန်အတွက် (၅၂၈၁၇)ဧက လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှ သိရှိရသည်။

မင်းဘူး(စကု)မြို့နယ်မှ မြေပဲစိုက်တောင်သူများ ဈေးမြင့်တက်၍ အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှ မြေပဲစိုက်တောင်သူများ ဝယ်လိုအားကောင်းပြီး မြေပဲဆံနှင့် မြေပဲဆီ ဈေးနှုန်းများ မြင့်တက်လာသောကြောင့် အဆင်‌ပြေလျက် ရှိကြကြောင်း ရွာသာကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးလှစိုးထံမှ သိရသည်။

ကျောက်ဖြူမြို့၌ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပညာရေးဒီဂရီကောလိပ်ရှိ သဇင်ဆောင်ရှေ့ မြေကွက်လပ်တွင် ယနေ့၊ နံနက်(၈)နာရီအချိန်က သစ်တောဦးစီးဌာနနှင့် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမ များနှင့်ပူးပေါင်း၍ ဒုတိယအကြိမ်မိုးရာသီ သစ်ပင်စိုက်ပွဲကို ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့၌  မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ​​ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ လူ့အသိုင်းအဝန်းတွင် တစ်ခြားသူများနည်းတူ ပူးပေါင်းပါဝင်ခွင့်ရရှိစေရေး ရည်ရွယ်၍ အသိပညာပေး Talk Show ​​ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

မင်းလှမြို့နယ် ရေခါးကျေးရွာတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး၊ ဝါစိုက်ပျိုးနည်းစနစ် ပညာပေးခြင်းနှင့် တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ရေခါးကျေးရွာတွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုး‌ရေး၊ ဝါစိုက်ပျိုးနည်းစနစ် ပညာပေးခြင်းနှင့် တရားမဝင်သစ် ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး အသိပညာပေး‌ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာဆိုင်ရာ အချက်အလက်များကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေပေးရေး လုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းနှင့် လက်တွေ့ ဆောင်ရွက်ခြင်းကို မင်းလှမြိုနယ် မလွန်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်တောင်သူများ မိုးလယ်မိုးဖြင့်မြေပဲစိုက်ပျိုးချိန် မြေပဲမျိုး ဈေးနှုန်းကြီးမြင့်နေ

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ မြေပဲစိုက်တောင်သူများ မြေပဲစိုက်ပျိုးချိန်ဈေးနှုန်း ကြီးမြင့်နေသောကြောင့် တောင်သူအများစု မျိုးဆုံးမှာ ကြောက်ပြီး စိုက်ပျိုးခြင်းမရှိတော့ကြောင်း ကန်ပတ်လည်ကျေးရွာအုပ်စု လဲဂွကျေးရွာ တောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။
Subscribe to