ကျောင်းကုန်းမြို့နယ်၌ e-ID စနစ် ကွန်ပျုတာရိုက်သွင်းခြင်းလုပ်ငန်း ၂၄.၁၂% ပြီးစီးပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ e-ID စနစ် ကွန်ပျုတာရိုက်သွင်းခြင်းကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃:၃၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးငြိမ်းသတ်ခြင်းများ လက်တွေ့သရုပ်ပြသ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဝန်းအတွင်း ကျောင်းသား၊ ကျောင်းသူများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ (၂:၀၀)နာရီအချိန် က အဆိုပါကျောင်းဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ငွေချည်(၆)ဝါစိုက်ပျိုးထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဇော်ဟိန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများက တောင်သူဦးအောင်ဆန်းလင်း၏ ငွေချည် (၆) စိုက်ပျိုးထားရှိမှု အခြေအနေများကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒန့်သလွန်သီးများ ခူးယူရောင်းချချိန်ဖြစ်၍ မိသားစုပုံမှန်ဝင်ငွေရရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် မိရိုးဖလာ တောင်သူလယ်ယာလုပ်ငန်းအပြင် မိမိရေမြေရာသီနှင့် ကိုက်ညီသော စားဖိုချောင်သုံး အသီးအရွက်ပင်များ စိုက်ပျိုးရောင်းချလာကြရာ ယခုအချိန်တွင် ဒန့်သလွန် သီးများ ခူးယူရောင်းချကြပြီဖြစ်ရာ မိသားစုအတွက် ဝင်ငွေများ ပုံမှန်ရရှိလျက်ရှိကြောင်း သိရှိရသည်။

မြို့သစ်တွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း ( Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့ နယ်ပြည်သူ့စာကြည့်တိုက်  လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

လယ်ဝေးမြို့နယ်တွင် အခြေခံတရုတ်ဘာသာစကား သင်တန်း(အခမဲ့)ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ တရုတ်ဘာသာစကား သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီ က လယ်ဝေးမြို့နယ် Community Centre တွင် ဖွင့်လှစ်သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ Human Papilloma Virus HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့က Human Papilloma Virus HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာရေးဆရာအသင်း အစည်းအဝေး ကျင်းပ

ပြည်သူများ တွေ့ဆုံပွဲများ‌‌ ဆောင်ရွက်ရာ နှီးနှောတိုင်ပင်ရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စာရေးဆရာအသင်းမှ  အစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲကျင်းပ

ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲကို လားရှိုးမြို့၊ လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့တွင် တစ်နိုင်တစ်ပိုင် အိမ်ခြံဝင်း (Home Garden) ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် မိသားစု နေ့စဉ်ဝင်ငွေရရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာတွင် အငြိမ်းစားဝန်ထမ်း တောင်သူ ဦးတင်အေး၏ ဥယာဉ်ခြံအတွင်း တစ်နိုင်တစ်ပိုင် (Home Garden) ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် မိသားစု နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Subscribe to