မိုင်းတုံမြို့၌ နောင်တော်ကြီးစေတီတော်၊ ညီ‌တော်စေတီနှင့် သဗ္ဗညုမင်္ဂလာစုမ့်မိန်း‌စေတီတော်မြတ်တို့အား ထီးတော်တင်ပွဲ အခမ်းအနားကျင်းပ

မိုင်းတုံ ဩဂုတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ၊ ကမ္မဌာန်းကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် နောင်တော်ကြီးစေတီတော်အား ဩဂုတ် ၅ ရက်နေ့ ည ၆ နာရီ ၄၅မိနစ်အချိန်၊ ညီ‌တော်စေတီနှင့် သဗ္ဗညုမင်္ဂလာစုမ့်မိန်း‌ စေတီတော်မြတ်အား ညလယ် ၁၂နာရီ တိတိအချိန်တွင် ထီးတော်တင်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ကမ္မဌာန်းကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် နောင်တော်ကြီးစေတီတော်ကို   မိုင်းဖုန်းဆရာတော် သဒ္မမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရ က ခုနှစ်ပတ်လှည့်လည် အဓိဌာန်ပြုပြီး ဘုရားထီးတော်တင်ရန် ညမ်းစင်ပေါ်တက်၍  ဥူးပညာအလှူဒါန်းသည့် ထီးတော်အမြင့် ၆ပေ၊ အချင်း ၁.၅‌ ပေကို ဓမ္မရုံအတွင်းမှ စကြာယာဉ်ပေါ်သို့ ပင့်ဆောင်လျက် မင်္ဂလာအချိန်ဖြစ်သည့် ည(၆)နာရီ (၄၅)မိနစ်အချိန်တွင် ထီးတော်ကို စကြာယျာဉ်ပေါ် တင်လှူဒါန်းပူဇော်ရာ မိုင်းဖုန်းဆရာတော် သဒ္မမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရနှင့် သံဃာတော်အရှင်သူမြတ်တို့က “ဇယန္တေဗောဓိယာမူလေ” ဂါထာ ရွတ်ဆိုပူဇော်သည်။ ယင်းနောက် သဒ္မမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရမှ အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းခြင်း ထီးတော်တင်ပြီးနောက် ဧည့်ပရိတ်သတ်အပေါင်းတို့က မိုင်းဖုန်းဆရာတော် သဒ္မမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရ ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဥပသကာတို့က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်တို့ကို သံဃာတော်များအား ဆက်ကပ်ရာ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။ ယင်းနောက် ဥပသကာတို့က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်တို့ကို စေတီတော်ရင်ပြင်နှင့် ပရဝုဏ်အတွင်း ပက်ဖြန်းချည်နှောင်သည်။ မိုင်းဖုန်းဆရာတော် သဒ္မမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရ က မြန်မာဘာသာဖြင့်လည်း ကောင်း၊ ရှမ်းဘာသာဖြင့်လည်းကောင်း ရေစက်ချအနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေသည်။ ဆက်လက်၍ ဟွေအောကျေးရွာတွင် တည်ထားကိုးကွယ်မည့်၊ ညီတော်စေတီမြတ်၏ ထီးတော်အမြင့် ၆ ပေ၊ အချင်း ၁.၅နှင့် သဗ္ဗညုမင်္ဂလာစုမ့်မိန်း‌ စေတီတော်မြတ်၏ ထီတော်အမြင့် ၉ ပေတို့အား မိုင်းဖုန်းဆရာတော် သဒ္မမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရက ညလယ် ၁၂နာရီ တိတိအချိန်တွင် ထီးတော်တင်ပေးခဲ့သည်။

အဆိုပါ ကမ္မဌာန်းကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် နောင်တော်ကြီးစေတီတော်မြတ်မှာ ဘုရားဉာဏ်တော်အမြင့် (၇၅) ပေ၊ အောက်ခြေပတ်လည် (၁၅)ပေ၊ ပရဝုဏ်ပတ်လည် (၄၅)ပေရှိပြီး စေတီအလှူရှင်မှာ ဦးတင်မြင့်ရီ၊ (ဦးစိုင်းအောင်ကြည်) ကွယ်လွန်+ဒေါ်နန်းငွေနှင့် ရပ်ကွက်သူရပ်ကွက်သားများက‌ စေတီတန်ဖိုး ကျပ်သိန်း (၂၉၀)လှူဒါန်းခဲ့ပြီး၊ ထီးတော်တကာ ဥူးပညာနှင့်အဖွဲ့က တန်ဖိုးကျပ် (၁၅)သိန်း လှူဒါန်းခဲ့သည်။

ဟွေအောကျေးရွာတွင် တည်ထားကိုးကွယ်မည့်၊ ညီ‌တော်စေတီ ဘုရားဉာဏ်တော်အမြင့် (၇၅.၅) ပေ၊ အောက်ခြေပတ်လည် (၁၅)ပေ၊ ပရဝုဏ်ပတ်လည် (၄၀)ပေ ရှိပြီးမှာထီတော် အမြင့် (၆)ပေ၊ အချင်း (၁.၅)ပေနှင့် သဗ္ဗညုမင်္ဂလာစုမ့်မိန်း‌ စေတီတော်မြတ်၏ ဘုရားဉာဏ်တော်အမြင့် (၁၁၅) ပေ၊ အောက်ခြေပတ်လည် (၂၀)ပေ၊ ပရဝုဏ်ပတ်လည် (၆၀)ပေရှိပြီး ထီးတော်အမြင့် (၆)ပေရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)