ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိအကြိမ်(၆၈၀)ဦး ဆက်လက်ထိုးနှံ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများ (ဒုတိယအကြိမ်)ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉:၀၀)နာရီမှစ၍ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၂၀)၊ အမှတ်(၆)၊ အခြေခံပညာမူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သော ညောင်တုန်း၊ အေးရိပ်သာ၊ မာဂဓိသာစည်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။