သရက်ချောင်း ဩဂုတ် ၉
ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုပုံစံများ(Healthy Life Styles)သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာ ရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ပန်းတောအခြေခံပညာမူလတန်း (လွန်)ကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသားကျောင်း သူများအား ကျန်းမာ ရေးစောင့် ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ရာတွင် သရက်ချောင်း မြို့နယ်၊ မြို့နယ်ကုသရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်သဥ္စာသိန်းဝင်း ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိ ပညာ ပေးဟောပြောခြင်းနှင့်ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများ၊ သံချဆေးမတိုက်ကျွေးရသော ကလေးငယ်များအားတိုက်ကျွေးခြင်း၊ ကလေးငယ်များအားသွားတိုက်ဆေးများပေးဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုလုပ်ငန်းများအနေဖြင့် ဩဂုတ် လ ၈ ရက်နေ့မှ ၁၂ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သားကြီး(သရက်ချောင်း)