လပွတ္တာ ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ် ပန်းပဲတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာရဒအား အမှူးထားလျက် သာသနာတော် ပြန့်ပွားစေခြင်းအလို့ငှာ ခရိုင်အမျိုး သမီးရေးရာဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်း၍ ဗုဒ္ဓရုပ်ပွားတော်များ အား ဘုရားအနေကဇာတင် လှူဒါန်းခြင်းနှင့် တရားနာရေစက်ချလှူဒါန်းခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က လပွတ္တာခရိုင် (၃)မိုင်မြို့သစ် ပန်းပဲတောင်ကျောင်းတိုက်၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး (၃)မိုင်မြို့သစ် ပန်းပဲတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များချီးမြှင့်ပြီး လှူဘွယ်ဝတ္ထုအစုစုကိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ငွေ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်ဆရာတော်ကြီးမှ အနုမောဒနာတရာ ဟောကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ပိတ်သိမ်း ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)