မင်းလှမြို့တွင် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများအား စတုတ္တအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး

မင်းလှ ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာနရုံး၌  ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား စတုတ္တအကြိမ် ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ ကျေး စာရေးဝန်ထမ်းများတို့က နံနက် ၁၀ နာရီမှ နေ့လယ် နာရီချိန်ထိ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသူများကို  စတုတ္တအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းအပြင်၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများကို ပထမအကြိမ်ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ပေါက်စ (မင်းလှ)