မင်္ဂလာဒုံ သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် စမ်းကြီးဝရပ်ကွက်တွင် နေထိုင်သော သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတတ်ရောက်ကုသလျက်ရှိသည့် မောင်ဝီရအောင် အသက်(၉)နှစ်၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား (Case abate) အဘိတ်ဆေးခပ်ခြင်းနှင့် (Fogging) ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခြင်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေအတွက် ခြင်ပေါက်ပွားနိုင်သည့် ရေအိုး၊ရေတိုင်ကီနှင့် ပန်းအိုးစသည်တို့တွင် ပိုးလောက်လန်းပေါက်ပွားမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်သည့် နည်းလမ်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စမ်းကြီးဝရပ်ကွက်အပိုင် ဆရာမ ဒေါ်ခင်လတ်လတ်က အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မြတ်သူဇာ(မင်္ဂလာဒုံ)