ကော့သောင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကောင်စီ အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကော့သောင်း  သြဂုတ်  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းကောင်စီ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ရွှေပြည်စိုးကျေးရွာ၊  အထက(၂) ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားအဖွဲ့များမှ စစ်ကြောင်းပုံဖြင့်ချီတက်ကာ ကွင်းအတွင်းနေရာယူကြပြီး အခမ်းအနားအား စစ်ဗျူဟာအဖွဲ့(ကော့သောင်း) စစ်ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်လင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် အားကစားအဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍  ခရိုင်အား/ကာမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးမှ ပြိုင်ပွဲအဖွင့်အမှာစကားပြောကြားသည်။

အဆိုပါအားကစားပြိုင်ပွဲအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူ အားကစား မောင်မယ်များက ပြေးခုန်ပစ် အားကစားမျိုးစုံတို့ဖြင့် ပါဝင်ယဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)