ရေတာရှည်မြို့နယ် အ-ထ-က (ရွှေကြက်ယက်) ကျောင်း၌ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ရေတာရှည် သြဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ-ထ-က (ရွှေကြက်ယက်)ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ငုဝါကျော်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန်းစိုး​အောင်မှ  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပြီး တောင်သူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်မှ စားသုံးသူ အခွင့်အ​ရေးဆိုင်ရာများကိုလည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဆုစံမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့​နောက် ကျောင်းသား​ကျောင်းသူများက အသိပညာ​ပေး နံရံကပ်စာ​စောင်များအားလေ့လာကြည့်ရှုခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်က​လေး စောင့်​ရှောက်​ရေးအသင်းဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ ကျောင်းသူ/ကျောင်းသား (၁၂ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)