ရွှေကျင်မြို့တွင် စာရေးဆရာ မြင်းခြံကျော်ခေါင်(ခ)သန်းထက်စံ၏ "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရွှေကျင်  ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ မြင်းခြံကျော်ခေါင်(ခ)သန်းထက်စံ၏ "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ဖြင့်  စာဖတ်ဝိုင်း  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက္များနှင့် စာအုပ်၏အမှာစာကို ဖတ်ကြားပြီး (Book Club) အဖွဲ့ဝင် ဦးဇင်သူရိန်ဝင်းက စာအုပ်ခေါင်းစဉ်နှင့်ပတ်သက်၍ လည်းကောင်း၊  (Women Club) အဖွဲ့ဝင် ဒေါ်‌ထွေးကြည်က "အတိုးတက်ဆုံးလူ" အခန်းကိုလည်းကောင်း၊ စာပေဝါသနာရှင် ဦးရဲမင်းက စာအုပ်တွင်ပါရှိသော "ဘယ်သူမှ မွေးကတည်းက လူတော်ဖြစ်မလာ" အခန်းကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိ‌စေသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် စာဖတ်ဝိုင်းများ လစဉ်‌ ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)