ကျောက်ဆည်မြို့၌ ပြည်သူများ စာပေဖတ်ရှုမှု အလေ့အထ ဖြစ်စေရန် ရည်ရွယ်၍ နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်ဖြင့် ကွင်းဆင်းဆောင်ရွက်

ကျောက်ဆည် ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိစေပြီး အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ် စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့များ၏လက်ဝယ်အရောက် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ခရိုင်သာသနာရေးဦးစီးဌာနတွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ အလုပ်တာဝန်များ မအားလပ်၍ မလာ ရောက်နိုင်သူများနှင့်လာရောက်ငှားရမ်းရန် ခက်ခဲ့သူများအတွက်  သုတ၊ ရသ စာအုပ်စာစောင်များဖတ်ရှုခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာစေရန်၊ စာအုပ်စာပေများမှ အသိပညာ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ငှားရမ်းပေးခြင်းဖြစ်ပြီး စာကြည့်တိုက် အသင်းဝင်တိုးပွားရေးအတွက် သင်းဝင်ကတ်များ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်