ကျောက်တလုံးကြီးမြို့ အ.ထ.က ကျောက်တလုံးကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့်အလေ့အထများ တိုးပွားလာစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် စာအုပ်၊ စာစောင်များ ဌားရမ်းပေးခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနတို့ပူးပေါင်း၍ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက (ဌ) ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ (BDMC) ရက်တို သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝ​ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံ​တွေ့ပါက မိမိတို့ရပ်ရွာ​ဒေသများတွင် ပူး​ပေါင်းပါဝင်​ဆောင်ရွက်နိုင်​စေရန်အတွက်ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဖွင့်လှစ်သည့် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု (BDMC)အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ် မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးသူ ဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံမှုရှိစေရေးအတွက် အသိသတိရှိကြရန် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့မဈေးအတွင်းပြုလုပ်ခဲ့သည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပ နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။

ဖျာပုံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကျင်းပသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ပညာသင်တန်း ( ၂/ ၂၀၂၄) ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာကြည့်တိုက်ပညာသင်တန်း ( ၂/ ၂၀၂၄) ကို ဖွင့်လှစ်သင်ကြားသည်။

ပေါင်းတည်၌ လျှပ်စစ်မှတစ်ဆင့် မီးလောင်ကျွမ်းမှုမရှိစေရေး စျေးများအတွင်း၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ကြီးကြပ်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ စျေးများအတွင်း လျှပ်စစ်မှ တစ်ဆင့်် မီးလောင်ကျွမ်းပျက်စီးမှုမရှိစေရေး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ကြီးကြပ်မှုဖြင့်၏ ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to