ကျောက်ပန်းတောင်းမြို့နယ်၌ အောင်နိုင်တိုးမျိုး မိုးစပါးစံကွက်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးကွင်းပြတ် စံကွက်ရိတ်သိမ်းပွဲကို၊ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်က ကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်- ၂၂၆၈၊ တောင်သူ ဦးသာဩ၏ မိုးစပါး ၁.၀၀ ဧကတွင် ပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၈ ရက်နေ့က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရွေးကောက် ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ရှင်းလင်းပြတ်သားစွာ သိရှိနားလည်စေရန် ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနား မြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တောင်သာမြို့ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ ၁၀ရက် နံနက် ၉ နာရီအချိန်က မင်းစုအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့ အခြေခံပညာမူလတန်းကျောင်း(ကျက)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(ကျက)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်၌ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုနှင်းသဘင်နှင့် စာတော်ဖြေအခမ်းအနား ကျင်းပ

ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ်အတွက် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုနှင်းသဘင်ကို  ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ်(၂)ရပ်ကွက် လယ်ဝိုင်းကျောင်းတိုက်၍ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူအခြေပြုအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူအခြေပြု အသက် (၉) နှစ်ပြည့်ပြီး (၁၃) နှစ်မပြည့်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် သက်ဆိုင်ရာစုရပ်အသီးသီးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်သာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့် အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင်းအရေး မဆုံးရှုံးစေရန် ပြည်သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က လူစည်းကားရာနေရာများနှင့် မင်းစုအ.ထ.ကကျောင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်(ကျောက်ကလပ်)ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

ကရင်သက္ကရာဇ်(၂၇၆၅)ခု၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ်(၁၈၃ ဒသမ ၇၄၂)သန်းဖြင့် သိန်းရတနာလှကုမ္ပဏီနှင့်နေ့သစ်အောင်ကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်သော ရဲသာကျေးရွာအုပ်စု၊ လှိုင်(ကျောက်ကလပ်)ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ကျင်းပသည်။ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၂၆)လမ်း အရှည်မိုင်ပေါင်း ၁၈ မိုင်ကျော်၊ ကျေးလက်ကုန်ထုတ်တံတား(၆၅)စင်း အရှည်ပေပေါင်း ၅၂၃ ပေ၊ ကျေးလက်ရေပေးရေးလုပ်ငန်း(၃၃)ခု၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း(၁)ခု၊ ယင်လုံအိမ်သာတည်ဆောက်ခြင်း လုပ်ငန်း(၂၁)ခုတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတစ်ရွာ၊ VDP စီမံကိန်းကျေးရွာ(၁၀)ရွာနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(SMART Village)နှစ်ရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
Subscribe to