စလင်းမြို့နယ်တွင် သာသနာ့အနွယ်ဝင် သီလရှင်ဆရာလေးအပါး (၈၀)အား ပရိယတ္တိသာသနာစောင့်ရှောက်ရေးအသင်းအဖွဲ့မှ တတိယအကြိမ် ဒုတိယနှစ်မြောက် သီလရှင်ဆရာလေးစီးဖိနပ်များ လှူဒါန်း

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့  သာသနာ့အနွယ်ဝင်သီလရှင်  ဆရာလေးများအား  မကွေးမြို့ ပရိယတ္တိသာသနာစောင့်ရှောက်ရေးအသင်းအဖွဲ့မှ ယနေ့နံနက် ၈ နာရီအချိန်က မြို့တောင်ကျောင်းစာသင်တိုက်  ဘုန်းတော်ကြီးကျောင်း၌  လှူဒါန်းပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံးရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို  ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ယင်းမာပင်မြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယင်းမာပင်မြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မင်းလှမြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်း ဆက်လက်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြုတီဘီရောဂါစမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို ဒီဇင်ဘာ(၁၆)ရက်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကလောမြို့၌ ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ချီးမြှင့်ငွေ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့တွင်ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် ကလောမြို့နယ်ရှိ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီ၄၅မိနစ်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ချီးမြှင့်ငွေပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊‌ နေအိမ်ထိခိုက်ပျက်စီးသွားသည့်ပြည်သူ(၃၄၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။

လွိုင်လင်မြို့မဈေးကြီး၌ မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မီးငြှိမ်းသတ်‌ရေး လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးရှေ့၌ ပြုလုပ်ခဲ့သည်။

ပင်းတယမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ ညနေ ၃ နာရီက Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့ သမိုင်းဝင် နောင်ခမ်းကန် သန့်ရှင်းသာယာလှပရေး ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ သမိုင်းဝင် နောင်ခမ်းကန် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟိုခုံပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိသည်။
Subscribe to