ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့၌ အခမဲ့ဆေးကုသသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခုတင် (၅၀)ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှု၊ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ပံ့ပိုးမှုဖြင့် ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိပြည်သူများအား အခမဲ့ဆေးကုသသည့် လုပ်ငန်းများကို ဒီဇင်ဘာလ (၆) ရက် နံနက် ၈ နာရီအချိန်ကစတင်ကာကုသပေးလျက် ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှု ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးစောအောင်ရွှေဖြူ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ ဆီးချို၊ သွေးချိုရောဂါနှင့် အခြားရောဂါများအတွက် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကျန်းမာရေးစောင့်ရှောက်မှုအား ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၏ မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်အဆင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၌ ပါဝင်သည့် သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၏ MVEM မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကော့သောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်‌ဆေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ဌာနဆိုင်ရာဝန်ထမ်းများ ပေါင်းစပ်၍ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။

သာစည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက တမာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် အများပြည်သူများ ကိုယ်တိုင်ဆန္ဒမဲ‌ပေးနည်းသရုပ်ပြပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီကခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် စာသင်ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ အောင်နိုင်တိုးမျိုး မိုးစပါးစံကွက်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး ကွင်းပြတ်စံကွက်ရိတ်သိမ်းပွဲကို၊ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်က ကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်- ၂၂၆၈၊ တောင်သူ ဦးသာဩ၏ မိုးစပါး ၁.၀၀ ဧကတွင် ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့၊ မူလတန်းကျောင်း၌ ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ မာဒေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မြေစိုက်ပိုစတာ (Billboard)စိုက်ထူခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မိမိတို့၏ဆန္ဒမဲပေးပိုင်ခွင့်များဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးမီးပွိုင့်၊ ပျဉ်းမနား တောင်ညိုလမ်းနှင့် ရန်မျိုးသန့်စင် လမ်းထောင့်၊ ဇေယျသိဒ္ဓိရပ်ကွက်တွင် စိုက်ထူထားရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ချောင်းဆုံမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်ချီးမြှင့်

မွန်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့်ကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်က ချောင်းဆုံမြို့နယ် (ကွမ်သဲ) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ဋ္ဌေးမြင့်အေး၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်တို့က ပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to