မြောက်ဥက္ကလာ ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူအခြေပြု အသက် (၉) နှစ်ပြည့်ပြီး (၁၃) နှစ်မပြည့်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် သက်ဆိုင်ရာစုရပ်အသီးသီးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပြည်သူအခြေပြု အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေး၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉) ခုတွင် အသက် (၉) နှစ်ပြည့်ပြီး (၁၃) နှစ်မပြည့်သော ပြည်သူအခြေပြုကျောင်းမနေသည့် ပြင်ပအမျိုးသမီးငယ်များကို ဆေးထိုးစုရပ်များတွင် ဒီဇင်ဘာ ၉ ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
သက်လွင်စိုး (ပြန်/ဆက်)