(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ရိုးရာမနောအက၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းပြခန်း၊ ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ရိုးရာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာတွင် ရိုးရာမနောအက၊ ဒေသထွက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်းများ၊ သစ်သီးဝလံပြပွဲပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။