အင်းစိန်မြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ် Silent Strike ပြုလုပ်ရန်လှုံ့ဆော်မှု ဝါဒဖြန့်ထားသော်လည်း ရန်ကုန်မြို့တွင် ပြည်သူများ စည်းကားသွားလာလျက်ရှိ

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH, NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ကာ ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ် Silent Strike ပြုလုပ်ရန်လှုံ့ဆော်မှု၊ ဝါဒဖြန့်ထားခဲ့သည်။

အင်းစိန်မြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီးစာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်‌ကျောင်းများအရောက် စာအုပ်များသွားရောက်‌ဌားရမ်းပေးလျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်‌နေ့တွင် အင်းစိန်မြို့နယ်‌ အမက- (၃) ကျောင်းနှင့် အမက- (၅) ကျောင်းများသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဒုတိယဦးစီးမှူးများဖြင့် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

တိုက်ကြီးမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်အရွယ်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ အပြည့်အဝရရှိစေရေးရည်ရွယ်ကာ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဈေးရပ်ကွက်၊ ဗောဓိကုန်းရပ်ကွက်နှင့် အင်္ဂလားရပ်ကွက်၊ ရှမ်းစုရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ တပြိုင်တည်းဆောင်ရွက်သည်။

စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်း‌ကျောင်း၌ HPV သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်က ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စမ်းချောင်းမြို့နယ် ကျွန်းတော (တောင်) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။

ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ် ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဘားအံခရိုင် လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆောင်ရွက်သည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော “လူငယ် ဆိုတာလန်းရမယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ (၂) နာရီက  မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမာန်တော်၌ ပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဗလငါးတန်နှင့် ပြည့်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ဒီဇင်ဘာ ၈ ရက်နေ့က  လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Subscribe to