မြဝတီ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးတို့အတွက် ယနေ့နံနက် ၇ နာရီက အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံစစ်ဗျူဟာအဖွဲ့ အခြေချသဃ်န်းညီနောင်၊ အမှတ်(၁၀၂၂) နယ်ခြားစောင့်တပ်၊ အမှတ်(၂၇၅)ခြေမြန်တပ်ရင်း၊ အမှတ် (၃၅၅) ခြေမြန်တပ်ရင်း၊ အမှတ်(၃၅၆) ခြေမြန်တပ်ရင်းနှင့် အမှတ် (၃၅၇) ခြေမြန်တပ်ရင်း၊ တပ်ဖွဲ့တို့မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်မိသားစုများ၊ နယ်ခြားစောင့်တပ်မှ မိသားစုများ စုပေါင်း၍ ဘုရင့်နောင်စျေးကြီးရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို ရောင်းချပေးရာတွင် စစ်ဗျူဟာအဖွဲ့ အခြေချသဃ်န်းညီနောင်မှ ဗိုလ်မှူးဇင်မင်းထွန်း ဦးဆောင်ပြီး မိသားစုဝင်များက တပ်မတော်စက်ရုံထုတ်ပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သားငါးများကို ပြင်ပစျေးနှုန်းများထက် ချိုသာသောနှုန်းထားဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ဆက်)