ကွန်ဟိန်း စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်နှင့် Book Club အဖွဲ့ဝင် နန်းစံဟွမ်နွန်းတို့က လူငယ်နှင့် အသိပညာ၊ လူငယ်နှင့်အတွေးအခေါ်၊ လူငယ်နှင့်စာဖတ်ခြင်း စသည့် အကြောင်း အရာများအား ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ယင်းနောက် တက်ရောက်လာသူ များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲအား လူငယ်များအသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗဟုသုတများ ဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့်အလေ့အထ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး Book Club အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များ စုစုပေါင်း (၁၂)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)