မအူပင်ခရိုင်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ မီးခိုးမြူငွေ့ ညစ်ညမ်းမှုအသိပညာ‌ပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) e-ID Software Program ထည့်သွင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များတွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များ အား e-ID Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန့်နေမွန်းလွဲ (၃) နာရီအချိန်က မကွေးခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကျိုက်လတ်၌ သမဝါယမအသင်းသား ပဲတီစိမ်း စိုက်တောင်သူများနှင့်တွေ့ဆုံ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ကျိုက်လတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား ပဲတီစိမ်းစိုက် တောင်သူ များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မှတ်တမ်းများအား e-ID Software အတွင်း ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မှတ်တမ်း များအား e-ID စနစ်ဖြင့် Software Program နည်းပညာ အသုံးပြု၍ Data Base အတွင်း ရေးသွင်းခြင်းကို ဝန်ထမ်းအင်အား ၁၃ ဦး၊ Laptop ၁၃ လုံးဖြင့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ပလတ်စတစ်အန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် အခြေခံပတ်ဝန်းကျင် ဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲစာအုပ်များ လှူဒါန်းပွဲကို (အ.ထ.က) ငါးသိုင်းချောင်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၂၀၉၅)ဦးထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက စတုတ္ထအကြိမ် ထပ်ဆောင်းကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးသူ(၂၀၉၅)ဦး ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၄/၂၀၂၂)ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး(၄/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေး

ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြည်သူ့စာကြည်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများအား ဉာဏ်ရည်မြင့်မားပြီး စာကြည့်တိုက်အား ပျော်ရွှင်စွာလာရောက်အသုံးချတတ်စေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to