ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဋ္ဌာန်းအောင်ပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တက်ရောက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လောကနန္ဒာစေတီတော် လှိုဏ်ဂူအတွင်း၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပဌာန်းအောင်ပွဲကျင်းပပြုလုပ်ရာ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ညွန်မှူးများ၊ တပ်မတော် အရာရှိများ ၊ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

တောင်ငူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်ဒေသဖွံဖြိုးဦးစီးဌာန၌၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကို ကျေးရွာ(၅)ရွာတွင် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ကရင်ချောင်းကျေးရွာ၏ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့၊ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် ရန်ပုံငွေ ထုတ်ချေးခြင်းခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေများ လွှဲ​ပြောင်းပေးအပ်ပွဲနှင့် ရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနားကို  ယနေ့နေ့လယ် ၁ နာရီက ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီး ကျေးရွာ၊ဘုန်း​တော်​​ကြီကျောင်း၌ ကျင်းပပြုလုပ်သည်။

အင်းစိန်မြို့နယ်၊ ရွှေရည်စံပယ်(အထည်ချုပ်စက်ရုံ)၌ အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အလုပ်သမားများအား အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုများ လျော့နည်းစေရန်၊ ဥပဒေပါရပိုင်ခွင့် များနှင့် အကျိုးခံစားခွင့်များကို သိရှိနားလည်စေရန်၊ အလုပ်သမား ဥပဒေများပါ အလုပ်ရှင်၊ အလုပ်သမားတို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ကောင်းစွာ သိရှိနိုင်စေရန်အတွက် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတို့က ကျင့်သုံးလျက်ရှိသော အလုပ်သမားဥပဒေပါ အကြောင်းအရာများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အင်းစိန်မြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်(၃)၊ ရွှေရည်စံပယ်(အထည်ချုပ်စက်ရုံ)တွင် ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ် Community Centre ခန်းမ၌ အမျိုးသား​နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်း​​ဒေသကြီး၊​ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန Community Centre ခန်းမ၌ "အမျိုးသား​နေ့အထိမ်းအမှတ် "စာစီစာကုံးပြိုင်ပွဲနှင စာအုပ်စာ​စောင်ပြသခြင်းကို​ ယမန်​နေ့ နေ့လယ်(၁း၃၀)အချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့၊ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း လူမှုရေးယာဉ်၊ နိဗ္ဗာန်ယာဉ်များထားရှိရန် လုပ်အားဒါနများပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းပိုင် လူမှုရေးယာဉ်နှင့် နိဗ္ဗာန်ယာဉ်များ ထားရှိရန် အတွက် လုပ်အားဒါနများ ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဆရာတော်၏ ကြီးကြပ်မှုဖြင့် သဖန်းကိုင်းကျေးရွာ ဒါယိကာ၊ ဒါယိကာမများနှင့် ပရဟိတလူငယ်များက လုပ်အားဒါနအဖြစ် မြေရာများရှင်းလင်းခြင်း၊ အဆောက်အဦ ဆောက်လုပ်ရန် ဖောင်ဒေးရှင်းချခြင်း၊ အုတ်စီခြင်း စသည်ဖြင့် လိုအပ်သည့်နေရာများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာ အိတ်များအား ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ရောင်းချ

ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ယူရီးယားဓါတ်မြေသြဇာများအား မြောက်ဦးခရိုင်၊ ကျောက်မြို့နယ်တွင် မိုးစပါး စိုက်ပျိုးရာသီအတွင်း တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဓါတ်မြေသြဇာ သယ်ယူသိုလှောင်ရေးကော်မတီတို့ ဖွဲ့စည်းပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများအား သြဂုတ်လ(၁) ရက်နေ့မှ နိုဝင်ဘာ (၃၀) ရက်နေ့အထိ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒူးရင်းသီး နောက်သီးလက်ကျန်သီးများ တစ်လုံးငွေကျပ် တစ်သောင်းကျပ်အထိ ဈေးနှုန်းရရှိ

စားသုံးသူများ များပြားပြီး ကြိုက်နှစ်သက်‌လေ့ရှိပြီး နှစ်စဉ်ဈေး‌နှုန်း ကောင်းမွန်လျက်ရှိသည့် နှစ်ရှည်သီးနှံပင် သဘာဝ ဒူးရင်းသီးသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း၌ သဘာဝ ရေမြေတောတောင် ရာသီဥတု အခြေအနေများအရ သဘာဝအတိုင်း ပေါက်ရောက် ရှင်သန်ကြီးထွားလေ့ရှိပြီး ဆောင်းနှောင်းဆောင်းရာသီအကုန်၌ အပွင့်အသီးကင်း စတင်ကာ မိုးရာသီတွင် အသီးရင့်မှည့်ကြောင်း သိရသည်။
Subscribe to