ကြံခင်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား/သူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက် ဖွံ့ဖြိုးစေရန်၊ အင်္ဂလိပ်ဘာသာစကားလုံး ဝေါဟာရ များ ကြွယ်ဝစေရန် ရည်ရွယ်ကြောင်း ပြောကြားပါသည်။ ထို့နောက် အခြေခံပညာမူလွန်မြို့မ တောင်ကျောင်း မှ(Grade-4)ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဆက်လက် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အလားတူ စကားပုံဆက်ပြိုင်ပွဲတွင်လည်း (Grade-3) ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ပြီး ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရ သည်။
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် ကျောင်းသား/သူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)