မရမ်းကုန်း အောက်တိုဘာ ၁၇
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀:၀၀နာရီက Book Club အဖွဲ့ဝင်များနှင့် စာရေးဆရာကျော့မောင်(မင်္ဂလာတောင်ညွန့်)ရေးသားသည့် ပျော်နိုင်အောင်နေ ကိုယ့်လူရေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်၊
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင်ဒေါ်ပွင့်စန္ဒီဦးဆောင်၍ လောကမှာလူရယ်လို့ဖြစ်လာရင်မွေးရာမှသည် သက်ဆုံးတိုင်ပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ချမ်းသာစွာ နေထိုင်သွားဖို့ဦးတည်ချက်မထားတဲ့ လူစားမျိုးလုံးဝမရှိကြောင်း၊ သဘာဝတရားရဲ့ စိတ်အနေအထားအကြောင်းအရာများ၊ ခိုင်မာသော ဆုံးဖြတ်ချက်သည်သာ အဓိကဖြစ်ကြောင်းနှင့် လောကမှာ ရလာဒ်ကောင်းဖို့သာအဓိကဖြစ်ကြောင်းအစရှိသည်ဖြင့် ဖတ်ရှုဆွေးနွေးပြီး တက်ရောက်လာသူစာပေချစ်သူ Book Club အဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
အေးအေးအောင်(ပြန်/ဆက်)