ရွှေသောင်ယံ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် SEA & LAKE Garden နှင့် ကမ်းခြေသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်ဦးဆောင်သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဆို၊က၊ရေး၊တီးအဖွဲ့မှ ပြိုင်ပွဲ ဝင်များ၊ကြီးကြပ်သူများ (၃၀၀)ဦး ပါဝင်သောအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းကရောက်ရှိပြီး လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
သို့ရာတွင် SEA & LAKE Garden မှတာဝန်ရှိသူများ၊ ရွှေသောင်ယံမြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများမှလေ့လာကြည့်ရှုကြသည့် ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်သူများအား လိုက်လံပြသပေးခဲ့ကြရာ SEA & LAKE Gardenရှိဒီရေတောတံတားနှင့်ရှုခင်းသို့လည်းကောင်း၊ ပန်းပုရုပ်ထုပြတိုက်သို့ လည်းကောင်း၊ ကျောက်စိမ်းပြတိုက်သို့လည်းကောင်း လေ့လာကြည့်ရှုပြီး အခြားလည်ပတ်စရာ နေရာများသို့ လိုက်လံလည်ပတ်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)