ဗန်းမော် အောက်တိုဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်)၌ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား သတင်းတု သတင်းမှားများခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟော ပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်စေရန် သတင်းနှင့် သတင်းအချက်အလက်၊ ယနေ့ခေတ်တွင် အရေးပါလာသော သတင်းအချက် အလက်၊ သတင်းတစ်ပုဒ်ကို ခွဲခြမ်းစိတ်ဖြာခြင်းအချက်များ၊ သတင်းမှားသတင်းမှန် ဘယ်လိုခွဲခြားမလဲ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်)မှ ကျောင်းအုပ်ကြီး ဦးလောင်းထန်နှင့် နည်းပြဆရာ ဆရာမများ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၉၂)ဦးတို့က တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)