ငပုတောမြို့ အာဇာနည်ပန်းခြံဝန်းအတွင်းရှိ ပန်းခြံပတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်​ ဆောင်ရွက်ပြီးစီးမှုနှင့် အားကစားပစ္စည်းများ တပ်ဆင်​နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး

ငပုတော   အောက်တိုဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ ​တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ပန်းခြံဝန်းအတွင်း ပန်းခြံပတ်လမ်းအား ကွန်ကရစ်လမ်းအ​ဖြစ် အဆင့်မြှင့်တင်  ဆောင်ရွက်ပြီးစီးမှုနှင့် ပန်းခြံအတွင်းအာကစားပစ္စည်းများ တပ်ဆင်ဆောက်ရွက်နေမှုအားယမန့်နေ့နေ့လယ်(၂)နာရီ အချိန်ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်သူနှင့် အဖွဲ့ဝင် (၂) ဦးသန်းဦးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့သို့ ​​ကွင်းဆင်းကြည့်ရှုစစ်​ဆေးရာတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ အမှုူဆောင်အရာရှိ ဦးမောင်မောင်နိုင်က ငပုတောမြို့ရှိ အာဇာနည်ပန်းခြံဝန်းအတွင်း အများပြည်သူများ အပန်းဖြေ အနားယူနိုင်ရေးအတွက် ပန်းခြံပတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ​ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍  ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တိုင်း​ဒေသကြီး အစိုးရ၏ ခွင့်ပြုရန်ပုံ​ငွေ  (၄.၈၆ ) သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့​ကြောင်း  အဆိုပါလမ်းမှာ အရှည် ၄၃၉ ​ပေ ၊ အကျယ်  ၆ ​ပေ၊ အမြင့် ၆  လက်မ ရှိပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေများနှင့် အားကစားပစ္စည်းများတပ်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပန်းခြံဝန်းအတွင်း လှည့်လည်ကြည့်ရှုကြပြီး​​နောက်  ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် လုပ်ငန်းလိုအပ်သည်များကို  လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)