မိုင်းခုတ် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၌ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ် မြေသားလမ်းပြုပြင်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို မိုင်းလုံးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာမှ ဒေသခံတိုင်းရင်းသားပြည်သူ(၂၅၀)ဉီးက မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ် မြေသားလမ်းအပိုင်း မိုင်းလုံးကျေးရွာအုပ်စုမှ မိုင်းခုတ်မြို့သို့ သွားရာလမ်း (၈)မိုင်ခန့်ရှိ လွယ်ကင်လိတောင်အထိ လမ်းပြုပြင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)