ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၅)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောင်းကုန်းမြို့၌ (မြို့နယ်အဆင့်)ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေး ပွဲအခမ်းအနားကိုကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်ပညာရေးမှူးရုံးရှိ "မြတ်ပညာ"ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြု လုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် အမှတ်(၉)အခြေခံပညာမူလတန်းလွန်ကျောင်း၌ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းအဖြစ် ဆောင်ရွက်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၉)အခြေခံပညာမူလတန်းလွန်ကျောင်း၏ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း (Clean and Green School Action Plan) အဖြစ် ကျောင်းသား/ကျောင်းသူများအား ကျန်းမာ၍စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။

မီးခိုးမြူငွေ့အန္တရာယ် ပူးပေါင်းကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

မီးခိုးမြူငွေ့အန္တရာယ် ပူးပေါင်းကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ် ရမည်းသင်း ဇန်နဝါရီ ၆ ခရိုင်(ပြန်/ဆက်)

မောက်မယ်မြို့နယ် တင်ကုန်းကျေးရွာ အ.မ.ကကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ တင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ကသာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ပညာရေးစုံညီပွဲ‌တော်ကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင်  “စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

မိတ္ထီလာမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ရာ တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ "ဟင်္သာ" ခန်းမ၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ​အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ အောင်ဆန်းအားကစားကွင်းတွင် ကျင်းပပြုလုပ် ခဲ့ ပါသည်။

ကျောက်တံခါးမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to