အလုံ ဒီဇင်ဘာ ၁၅
အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အလုံမြို့မရဲစခန်း၌ ယနေ့နံနက်ပိုင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များ ထုတ်ယူခြင်း၊ Installation ပြုလုပ်ခြင်း၊ စက်စမ်းသပ်ခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့သည်။
၂၈.၁၂.၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အလုံမြို့နယ်ရှိ မဲရုံ (၂၀) တွင် အသုံးပြုမည့် မဲပေးစက် ၉၈ လုံးကို Installation ပြုလုပ်ခြင်း၊ စက်စမ်းသပ်ခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်ရွှေစင်မြတ်သန်းနှင့် အဖွဲ့၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင် ဆရာ/ဆရာမများ၊ MEVN စက်ကိုင်သင်တန်းတက်ရောက်ထားသည့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
အဆိုပါမဲပေးစက်တပ်ဆင်ခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်ရွှေစင်မြတ်သန်းနှင့် အဖွဲ့၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင် ဆရာ/ဆရာမများ၊ MEVN စက်ကိုင် သင်တန်းတက်ရောက်ထားသည့် ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့၀င်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ အဖွဲ့ဝင်များ စုစုပေါင်း ၁၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)