ကျောက်ဖြူမြို့၌ (၅၁) နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာ ရထားဆွဲပြိုင်ပွဲ၊ ပျော်ပွဲ ရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ဒီဇင်ဘာ (၁၅)ရက်တွင်ကျရောက်သည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာရထားဆွဲပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို  ဒီဇင်ဘာ ၁၂ ရက်ကစတင်၍ အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

သဲကုန်းမြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံ​တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ အပိုဝင်ငွေတိုးပွားစေရန် ဥယျာဉ်ခြံမြေများတွင် သီးပင်စားပင်များ စိုက်ပျိုးရောင်းချလျက်ရှိပြီး တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ကွမ်းရွက်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း MSMEs လုပ်ငန်းများ Digital နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေး အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်း၍ MSMEs လုပ်ငန်းများ Digital နည်းပညာ အသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အသင်းနှင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ တစ်နိုင်တစ်ပိုင် မုန်လာဥဖြူစိုက် တောင်သူများ အပိုဝင်ငွေရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့၌ မုန်လာဥများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး 

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာများ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည်။

မြဝတီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မဲပေးခြင်းဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြဝတီမြို့​ပေါ်၊ ရပ်ကွက် / ကျေးရွာ/တပ်နယ် မဲရုံ (၄၂) ရုံတွင် မဲရုံမှူး၊ ဒုမဲရုဲမှူးနှင့်မဲရုံအဖွဲ့ဝင် တာဝန်များထမ်းဆောင်ကြရမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများကို မဲရုံအခင်း အကျင်းနှင့် မဲပေးခြင်ဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ် (၄) ရပ်ကွက်၊ မြန်မာ-ထိုင်း အမှတ် (၂) တံတားလမ်း၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to