မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မြို့တွင်းလမ်းမကြီးတစ်လျှောက် အဓိကမြို့တွင်းလမ်းမကြီးများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်း (၁) နာရီက ဈေးလေးမီးပွိုင့်လမ်းဆုံမှ မြို့ပတ်လမ်းအတိုင်း ဗိုလ်ချုပ်လမ်းအထိ ရေဖျန်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်အမှု ဆောင်အရာရှိဦးကျော်ခိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မီးသတ်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား (၁၀၀) ဦးတို့ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။