ရွှေသောင်ယံမြို့တွင် ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပခုက္ကူမြို့၊ အ.ထ.က (၁) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူမြို့၊ အ.ထ.က (၁) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပခုက္ကူ ဇန်နဝါရီ ၆ ခရိုင်(ပြန်/ဆက်)

ငပုတောမြို့နယ်၌ မြို့နယ်အဆင့် အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုဝောာမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်မြို့နယ်အဆင့်  အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းကိုဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဉီးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘာသီး၊ ခရမ်းချဉ်သီး၊ ဘုရင်သီး၊ အမေရိကန်သံပရာသီးတို့အား ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားခြင်းဖြင့် စိုက်ပျိုးရေးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်းနှင့် ၎င်းတို့စိုက်ပျိုးသောသီးနှံများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစား အစာများအား စနစ်တကျ ဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဉီးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းရှင်များတိုးပွား၍ နိုင်ငံ၏စီးပွားရေးဖွံဖြိုးမှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် နယ်မြေ(၅)ရှိ ရှာလင်အေဂျီအသင်းတော် ဘုရားကျောင်း၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHVs) နှင့် သားဖွားဆရာမများ (MWs) ကိုယ်တိုင်မွေးဖွားခြင်း ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့် ရေမွန်းသော မွေးကင်းစကလေးငယ်များအား အသက်ရှူနိုင်စေရန် အသက်ကယ်ပြုစုစောင့်ရှောက်မှုပေးခြင်းဆိုင်ရာ ပြုစုကုသမှုအား ကျွမ်းကျင်မှုရှိစေရန်၊ မွေးပြီးတစ်မိနစ်အတွင်း တိကျမှန်ကန်သော အသက်ကယ်ခြင်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals-SDGs) အရ (၂ဝ၃ဝ) ခုနှစ်တွင် မြန်မာနိုင်ငံ၌ မွေးကင်းစကလေးသေဆုံးမှုနှုန်းအား အရှင်မွေး(၁,၀၀၀)ဦး လျှင် (၁၂) ဦးသို့လည်းကောင်း၊ အသက် (၅) နှစ်အောက် ကလေးသေဆုံးမှုနှုန်းအား အရှင်မွေး (၁,ဝဝဝ) ဦးလျှင် (၂၅) ဦးသို့လည်းကောင်း၊ လျှော့ချနိုင်ရန် ရည်မှန်းချက် ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်း (Training on Neonatal Resuscitation) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်ခန်းမ၌ ကျင်းပသည်။

ကြံခင်းမြို့၌ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် မြို့နယ်အဆင့် ရှာဖွေသင်တန့်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာရေးစုံညီပွဲတော်ပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ချောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာ​ပေး​ဟော​​ပြောပွဲများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့်  ဟောပြောပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ သွားရောက်၍ ယနေ့နံနက် (၉) နာရီမှစ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to