ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပညာပေးနှိုးဆော်
ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် သတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ မြို့ပေါ်ရပ်ကွက်အတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုဆော်ဆောင်ရွက်ခဲ့သည်။