သာပေါင်းမြို့နယ်၌ လေဘေးသင့်မိသားစုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စု၊ မဏ္ဍိုင်ကုန်းစွန်းကျေးရွာ၌ အောက်တိုဘာလ ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၃)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃၃၆၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀)၊ စုစုပေါင်းရန်ုပုံငွေ(၃၃၃၆၀၀)၊ သရက်ကုန်းကျေးရွာအုပ်စု၊ ပေါက်လွတ်ကျေးရွာတွင် အောက်တိုဘာလ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာ‌ပေ ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ "ချစ်နိုင် (စိတ်ပညာ)" ရေးသားထားသည့် "ရွှေရောင် လွှမ်းတဲ့ အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၃) နာရီအချိန်ခန့်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိန်ငူကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာအုပ်စု ကျွဲလမ်းကျေးရွာ ဆန်းဓမ္မသိင်္ဂီဘုန်ကြီးကျောင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နံနက် ၉ နာရီတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍  ဆွေးနွေးခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံ သင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံလေ့ကျင့်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်မီးသတ်ဦးစခန်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့ ဆံထုံးကျေးရွာတွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်တွင် တောတောင်များကို အမှီပြုနေထိုင်ကြသည့် လက်ပံကျေးရွာ အုပ်စု၊ ဆံထုံးကျေးရွာ ကျေးလက်နေပြည်သူများအား ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးအတွက် ငှက်ဖျား သွေးဖောက်စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ တောင်ကုတ်မြို့နယ်အခြေစိုက် ငှက်ဖျားကင်းစင် ပပျောက်ရေး အဖွဲ့ (URC)နှင့် မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဈေးမီးဘေး လုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းကို ယနေ့မွန်းလွဲ ၂;၃၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ပိုင်ဗိုလ်ချုပ်စျေး၌ ဆောင်ရွက်သည်။

ဂွမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ရေးအဖွဲ့ဝင်များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ရေးအဖွဲ့ဝင်များအား လူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်း အနား ကျင်းပခဲ့သည်။

မင်းပြားမြို့၌ ပညာရေးဖောင်ဒေးရှင်း၏ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်  အခြေခံပညာကျောင်းများ၌ ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၁၊၂၀၂၂ခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို  ထူးချွန်စွာ အောင်မြင်သူများအား မြို့နယ်ပညာရေးဖောင်ဒေးရှင်း၏ မင်းပြားမြို့ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လောကမုနိပြည်လုံးချမ်းသာဓမ္မာရုံတွင်  ကျင်းပပြုလုပ်သည်။
Subscribe to