ဒိုက်ဦးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ဒိုက်ဦး အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်း အနား ကျင်းပခဲ့သည်။

အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့် ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခြင်းနှင့် သင်တန်းတက်ရောက်သင်ကြားကြသော သင်တန်းသားများ၊ နည်းပြများ၊ သင်တန်းဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးကြသော အဖွဲ့ဝင်များ၊ သင်တန်းကြီးကြပ်ရေး အဖွဲ့ဝင်များအား ကျေးဇူး တင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးအောင်မျိုးက မီးသတ်ပညာ ထူးချွန်ဆုပေးအပ် ချီးမြှင့်ပြီး‌ နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးချမ်းမြေ့ထွန်းမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့် ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းကို အောက်တိုဘာ ၃ ရက်နေ့မှရက်သတ္တပတ် ၄ ပတ်တိတိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ခဲ့ပြီး သင်တန်းသား ၅၀ ဦး တက်‌ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)