ထန်းတပင်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေ တပ်ဖွဲ့ဝင်များနှင့် လက်တွဲကာ ပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန် အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ကို ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပြီး ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနတွင်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။