စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲပြုလုပ်

အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စပါးပေါ်ချိန် တောင်သူများ ဈေးကောင်းရရန် မျှော်လင့်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စပါးပေါ်ချိန် တောင်သူများ ဈေးကောင်းရရန် မျှော်လင့်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကြို့ပင်ကောက်မြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို ့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအသိ ပညာဗသုသုတများ တိုးပွား‌လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုများပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကရင်ချောင်အုပ်စု၊ ကရင်ချောင်ကျေးရွာရှိ ဘုန်တော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစီမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုများ ပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၇)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပကြောင်း သိရသည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်

နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၄၃ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း အလုပ်သမား ၁၉၀ ဦး ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်း မြို့မှတစ်ဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (ဗဟန်း)မိုးဦးပန်းခန်းမ၌ ကျင်းပသည်။

မောက်မယ်မြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်အဆင့်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to