“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပန်လုံမြို့၊ ရေပေးဝေရေးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေး နှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပန်လုံမြို့ရေးပေးဝေရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ရာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။