သဲကုန်းမြို့နယ်၌ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

သဲကုန်း အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(သဲကုန်း)သာဓုခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဌေးဝင်းက သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောပြီး ဒုတိယမြို့နယ် ပညာရေးမှူး (ပညာ) ဦးကျော်သူဝင်းက သင်တန်းစည်းကမ်းများကို ရှင်းလင်းပြော ကြားခဲ့သည်။         

အလုပ်ရုံဆွေးနွေးပွဲတွင်  စီမံခန့်ခွဲမှု လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ သင်ကြားသင်ယူမှု ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများနှင့် စီမံခန့်ခွဲမှု လုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး ၁၉၄ ဦးတက်ရောက်ခဲ့ကာ အောက်တိုဘာလ ၃၀ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)