(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးနှင့်ဗဟိုအဆင့်) ပြိုင်ပွဲများတွင် မအူပင်ခရိုင်ကိုယ်စားပြု ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးနှင့်ဗဟိုအဆင့်) ပြိုင်ပွဲများတွင် မအူပင်ခရိုင်ကိုယ်စားပြု ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။