မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများအဖွဲ့မှ ကျေးရွာများတွင် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်

အထက်မင်းလှ အောက်တိုဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာများအား တိုက်နယ်အလိုက် တာဝန်ပေး ထားပြီးဖြစ်ရာ သက်ဆိုင်ရာ တိုက်နယ်အလိုက် ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့ နံနက် ၉ နာရီက ဆောင်းနေကြာစိုက်ပျိုးနိုင်ရေးကျေးရွာ များသို့ သွားရောက်ဒေသခံတောင်သူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးရာ၌  လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးဌာနဆိုင်များအား  တိုက်နယ်အလိုက် တာဝန်‌ပေးထားသည့် အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆီထွက် သီးနှံဆောင်းနေကြာ စိုက်ပျိုးရာတွင် လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုး‌နိုင်ရေး ဒေသခံတောင်သူများအားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ သည်။

ယင်းနောက် ကျေးရွာနေဒေသခံတောင်သူများက ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြ ရာ ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။ မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ ဆီထွက်သီးနှံဆောင်း နေကြာ ၆၀၀၂ ဧက စိုက်ပျိုးရန်လျာထား ကြောင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)