စဉ့်ကူး အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၂၄)ကြိမ်မြောက် ဌာနဆိုင်ရာများစုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက စဉ့်ကူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က ကထိန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် စေတနာသဒ္ဓါတရားထက်သန်စွာ ဝိုင်းဝန်းပူးပေါင်းပါဝင် လှူဒါန်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး၊ အလှူရှင်များရရှိရေး၊ ပဒေသာပင်အလှူရှင်များရရှိရေး၊ လှူဖွယ်၀ထ္တု ဆက်ကပ်နိုင်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း၊ ပွဲတော်ကျင်းပရေးကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များပေးအပ်ခြင်း စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)