စေတုတ္တရာ အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက်(၉:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စေတုတ္တရာမြို့နယ်၊ မြို့နယ်ပညာရေးမှူး၊ ဆရာကြီးဦးသန်းမြိုင်မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စွမ်းဆောင်ရည်မြင့်မားစေရန် စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ်၊ ပညာဘာသာရပ်ဟူ၍ ဘာသာရပ်(၃)ခုအား (၂)ရက်တာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်မိုးညွန့် ပြန်/ဆက်