ပိုင်ကျုံ နိုဝင်ဘာ ၈
ကရင်ပြည်နယ် ဘားအံမြို့ ပိုင်ကျုံမြို့အတွင်းရှိရပ်ကွက်များ၌ တန်ဆောင်းမုန်းလပြည့်ညတွင် အာဟာရဒါနစတုဒိသာများ ဧည့်ခံကျွေးမွေးခဲ့သည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားစေတီပုထိုးများ၌ ညနေခင်း ဆီမီး၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်၍ ကုသိုလ်ကောင်းမှုပြုကြသကဲ့သို့ ရပ်ကွက်များ၌ ပြည်သူများကလည်း အာဟာရဒါနစတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ယူကြကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ကုသိုလ်ကောင်းမှုပြုကြရာတွင် ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများဦးဆောင်ပြီး စေတနာရှင်ပြည်သူများစုပေါင်း၍ အာဟာရဒါနကုသိုလ် စတုဒိသာဧည့်ခံကျွေးမွေးရာတွင် ရပ်ကွက်များ၌ လမ်းသွား၊ လမ်းလာပြည်သူများအား အယုတ်အလတ်မြတ်မရွေး လူမျိုးဘာသာမရွေး အာဟာရဒါနစတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းပြီး ကုသိုလ်ယူကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
နော်ခူး